Skip to main content
ဘာလုပ်သင့်လဲ
👉👉👉
အတိုးပုံမှန်ရမယ်ဆိုလို့
လုပ်ငန်း တစ်ခု / လူ တစ်ယောက်စီမှာ
ငွေထည့်ထားပြီး
တကယ်တမ်းမှာ ပြောထားသလို
အတိုး ပုံမှန်မရတာ /
အရင်း ပြန်ထုတ်လို့ မရတာတွေ ဖြစ်ခဲ့ရင်
လုပ်သင့်တာတွေက
၁။
သတ်မှတ်ရက်အတိုင်း
ငွေ မရသူတွေ ( အတိုး / အရင်း ) စုပြီး
ချိတ်ဆက်ထားပါ ။
၂။
အဲ့လူတွေ စုပြီး သူရှိမယ့် နေရာကို တပြိုင်တည်းသွားပါ ။
ပြောချင်ရာ အမျိုးမျိုး လျှောက်ပြောနေတဲ့ စကားတွေ /
ထုတ်ချင်သလို ထပ်ထုတ်နေတဲ့
စည်းကမ်းတွေ အတိုင်း မဟုတ်ပဲ
သတ်မှတ်ရက် အတိုင်း
ငွေ ပြန်ထုတ်ပေးဖို့
စုပေါင်းတောင်းဆိုပါ ။
( ဖြစ်နိုင်ရင် သတင်းထောက်/ရှေ့နေ/ရဲ စတာတွေကို သာမန်လူအနေနဲ့ လျှို့ဝှက်ခေါ်သွားပါ )
၃။
ပြောကြဆိုကြတာတွေကို
တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပါ ။
သက်သေယူပါ ။
၄။
သက်ဆိုင်ရာ မြို့နယ်ရဲ့
လွှတ်တော် အမတ်ကို
အဲ့လူတွေ စုသွားပြီး
သက်သေတွေပြ
အကူအညီ တောင်းပါ ။
တိုင်ပင်ပါ ။
၅။
မီဒီယာ တွေ ဖိတ်ခေါ်ပြီး
ရှင်းလင်းပွဲလုပ်ပါ ။
( မဖိတ်တတ်ရင် ကျွန်တော်တို့
ကူဖိတ်ပေးပါ့မယ် ။
ကုန်ကျစရိတ် မလိုပါ )
၆။
မီဒီယာတွေမှာ သတင်း ပါပြီးရင်
အွန်လိုင်းပေါ်မှာ ပါ
အကြီးအကျယ် ဖွပါ။
Groups တွေမှာ ခိုင်ခိုင်မာမာ ရေးသားပြီး
လိုက်တင်ပါ ။
( ၆၆ဃ ကြောက်တတ်ရင်
စကား မကျွံအောင် သတိထားပါ ။
မရေးခင် ဥပဒေ ကျွမ်းကျင်သူနဲ့
တိုင်ပင်ချင် တိုင်ပင်ပါ ။
စရိတ်ကို ခုနက စုထားတဲ့လူတွေ
မျှခံရင် သက်သာမှာပါ ။ )
၇။
အဆုံးထိ လျှောက်မယ်လို့
ဆုံးဖြတ်ထားရင်
နိုင်တာမနိုင်တာ နောက်ထား ။
ငွေမရသေးသူ
အကုန်စုပေါင်းပြီး
ရဲ စခန်းမှာ အမှု ဖွင့်တိုင်ခဲ့ပါ ။
ခေါ် စစ်ခိုင်းပါ ။
❗️ဒါတွေက လုပ်လို့ရတာတွေကို ပြောတာပါ ။
မလုပ်ခင် အရင် စဉ်းစားဖို့က
ကိုယ့်ငွေပြန်ရဖို့
ချော့တောင်း မှာလား ?
ခြောက်တောင်းမှာလား ? ဆိုတာပါ ။ ❗️
ခြောက်တောင်းမယ် ဆိုရင်
👉
၈။
ငွေ ပြန်မပေးရင်
အဲ့လို ၁ ကနေ ၇ အတိုင်း
လုပ်ပစ်မယ်လို့
စုပေါင်း သွားပြောပြီး
အရင် ခြောက်တောင်းကြည့်ပါ ။
ချော့တောင်းမယ် ဆိုရင်
👉
၉။
အဲ့ဒီ အချက်တွေ ဘာမှ မလုပ်ရဲရင်တော့
ဘာမှ မလုပ်ပဲ တစ်နေ့ ပြန်ပေးနိုးနဲ့
ချော့ပြီးသာ ဆက်တောင်းနေပါ ။
ကိုယ့်ငွေနဲ့ ကိုယ် မျက်နှာငယ်ရတော့မှာပေါ့ဗျာ ။
ပိုဆိုးတာက အဲ့လူက အချိန်ဆွဲထားပြီး
နောက်လူသစ်/လူဟောင်းတွေဆီက
ဝင်လာမယ့် ငွေတွေနဲ့
ခင်ဗျားတို့ကို ပြန်ဆပ်ပေးနေမှာဆိုရင်
သူ့ အကုသိုလ်ကို ခင်ဗျားတို့ပါ
ဝိုင်းယူနေရမယ့် သဘောပေါ့ဗျာ ။
သံသရာ ကြွေး ပါမှာ မို့လို့
ပို ကြောက်ဖို့ကောင်းပါတယ်ဗျာ 😪
#ကိုဇင်ဇေ
••••••••
Ponzi Scheme =
👉 ဟန်ပြ စီးပွားရေး လုပ်ပြီး
👉 ရင်းနှီး မြှပ်နှံသူများကို
အတိုး များများ မက်လုံးပေးပြီး စည်းရုံး ။
👉 လက်ခံ ထားသော အရင်း ငွေများကိုသာ
အတိုး အနေနဲ့ နည်းနည်းချင်း ပြန်ဖဲ့ပေး ။
👉 စီးပွားရေး လုပ်ငန်းက ရသည့် အမြတ် နှင့်
အတိုး ပြန်ပေးနေခြင်း မဟုတ်ပဲ
နောက်ထပ် ဝင်လာသော လူသစ်များ၏ ငွေများ /
လူဟောင်းများ ထပ်ထည့်သော ငွေများဖြင့်
အတိုး / ခံစားခွင့် ပြန်ပေးသော
လိမ်ညာမှု တစ်မျိုး ဖြစ်သည် ။
👉 နောက်ဆုံးမှာ လုပ်ငန်းလည်ပတ်ပုံကို
သံသယ ဝင်သူ / မယုံကြည်သူတွေ
များလာတာနဲ့ အမျှ
လူသစ် / ငွေသစ် ထပ် တိုး မလာသည့်အခါ ...
👉 အတိုးများ မှန်မှန် မပေးနိုင်တော့ပဲ
လုပ်ငန်း တည်ထောင်သူက
အရင်းငွေများကိုပါ ယူပြီး ထွက်ပြေးခြင်း /
ငွေကြေးများကို တခြားနေရာတွင်
ရွှေ့ပြောင်းထားပြီး ထောင်ကျ ခံလိုက်ခြင်းများ
ပြုလုပ်လိုက်လေ့ရှိသည် ။
👉 ထိုအခါ စောစော ဝင်ထားသော လူနည်းစုသာ
အရင်းငွေ ပြန်ရခြင်း / အမြတ် ရခြင်းများ ရှိပြီး
နောက်မှ ဝင်မိသူပေါင်းများစွာ
ငွေကြေး ဆုံးရှုံးရလေ့ ရှိသည် ။
Original post link ( November 4, 2017 )
>>> https://www.facebook.com/groups/myanmarmlmtruth/permalink/742698725923282/
==================================
အခု Jude Jude ကိစ္စနဲ့ ပတ်သက်ပြီး
လုပ်နေတဲ့ ပုံစံတွေကို
ကျွန်တော် သိသလောက် ပြောပြမယ် ။
လုပ်နေသူတွေရဲ့ အဓိက ရည်ရွယ်ချက် က ၂ ခုရှိတယ် ။
၁။ JJ ကို ဥပဒေနဲ့ အညီ ပြစ်ဒဏ်ကျခံစေဖို့
၂။ ကိုယ်ရင်းထားတဲ့ ငွေ ပြန်ရဖို့
အဲ့မှာ နံပါတ် ၂ ဖြစ်တဲ့
ကိုယ်ရင်းထားတဲ့ ငွေ ပြန်ရဖို့ ကို သာ
လုပ်နေကြတာ ပိုများတယ် ။
၁ ဖြစ်တဲ့ ပြစ်ဒဏ်ကျခံစေဖို့ သီးသန့် ကို
လုပ်နေကြသူ နည်းတယ် ။ မရှိသလောက်ပဲ ။
၁ ရော ၂ ရော နှစ်မျိုးလုံး ကို ရဖို့
လုပ်နေသူလည်း ရှိကောင်း ရှိနိုင်တယ် ။
လုပ်နေတာတွေက
၁။ အစကတည်းက အလွတ်သဘော ညှိနှိုင်းတယ်
( ငွေ ပြန်ရဖို့ပဲ ခေါင်းထဲရှိတဲ့ လူတွေပေါ့ )
၂။ ပြစ်မှု နဲ့ အမှုဖွင့် တိုင်ကြားတယ်
( ပြစ်ဒဏ် ကျခံစေချင်လို့
ပြစ်မှု နဲ့ အမှု ဖွင့်တယ်လို့
ယေဘူယ ယူဆလို့ရပေမယ့်
ပြစ်မှုနဲ့ ဖွင့်ထားလိုက်ရင်
JJ ဘက်က ကြောက်လန့်ပြီး လာညှိမလားလို့
အမှု ဖွင့်ထားကြတာလည်း ရှိနိုင်တယ် )
၃။ တရားမမှု နဲ့ တိုင်ကြား ထားတယ်
( အလွတ်သဘော မဟုတ်ပဲ
ဥပဒေအရ ငွေကြေး ပြန်လည် ရယူချင်လို့ )
၄။ အစတုန်းက တိုင်ဖို့ လူစုပြီး
ခုမှ ညှိနှိုင်းရေးလမ်းကြောင်းကို ပြန်ရောက်သွားတဲ့
သူတွေလည်း ရှိတယ် ။
( ခု ကို ချစ်ချမ်း လုပ်သွားတာ နံပါတ် ၄ အတိုင်းပဲ ။
ကျွန်တော့် သင်တန်းမှာ JJ ကိစ္စကို အထက်ကို တိုင်ဖို့ လက်မှတ် စုထိုးတဲ့ ပွဲကို လာတဲ့ လူတွေထဲက တစ်ချို့ကို
သူ တာဝန်ယူပြီး တရားစုစွဲဖို့ လုပ်ပေးမယ် ဆိုပြီး
လုပ်နေကြတာ ။
တကယ်လည်း လက်မှတ်ထိုးထားတဲ့ စာတွေကို
အထက်ကို တိုင် ဖြစ်တယ် ။
( တိုင်စာတွေ သက်ဆိုင်သူ လက်ထဲ ရောက်မရောက်တော့
ကျွန်တော်လည်း ၁၀၀% သေချာ မသိနိုင်ဘူးပေါ့ဗျာ )
ငွေ ပမာဏ များလို့ တစ်ယောက်ချင်း ခွဲပြီး
တရားစွဲမယ့် လူတွေထဲကနေ
သူ ချိတ်ပေးတဲ့ ရှေ့နေ
ကို ကွန်းဇော် Koon Zaw က
အမှု ဖွင့်ပေးထားသူလည်း
၂ ယောက်ရှိတယ် ။
အဲ့အကိုတွေက ကူညီတဲ့ အနေနဲ့
ဈေးသက်သာအောင် လုပ်ပေးမယ် ။
ရသလောက် လူစုပြီး တရားမမှု အနေနဲ့ စွဲရင်
တစ်ယောက်ချင်း ကုန်ကျမယ့် စရိတ်ထက်
ပို သက်သာမယ်လို့ တွက်ပြတဲ့ အတွက်
ကျွန်တော့် သင်တန်းမှာ
သူတို့ နဲ့ နစ်နာသူတွေ အချင်းချင်း ဆုံခိုင်းပြီး
စကားပြောစေ ညှိစေခဲ့တယ် ။
ခု Screenshots တွေ ထွက်လာတဲ့ ၃% ဆိုတာ အဲ့တာ ။
လူစု တရားစွဲရင် စရိတ်ကို မျှခံမှာ မို့လို့
တစ်ယောက်ကို အဲ့လောက်ပဲ ကျမယ် ဆိုပြီး
တွက်ပေးကြတာ ။
( သူတို့ ထည့်ထားတဲ့ငွေရဲ့ ၃% ကို ပြောတာ )
ကျွန်တော် မေးကြည့်မိတဲ့
တခြားရှေ့နေတွေတွက်ပြတဲ့ ကုန်ကျစရိတ်က
အဲ့ထက် ပိုများကြတာ များလို့
နစ်နာသူတွေ အဆင်ပြေပါစေတော့
သက်သာပါစေတော့ ဆိုပြီး
အဲ့လို ငွေ သိပ်မတတ်နိုင်လို့
လူစုပြီး တရားစွဲမယ့် လူတွေအတွက်
ကျွန်တော် ပဲ Group Chat ထောင်ပေးခဲ့မိတာ ။
ကို ချစ်ချမ်းကို ယုံကြည်လို့
အလုပ်အပ်ထားတဲ့ လူတွေကို ငဲ့နေလို့
( ကျွန်တော် ပြောလိုက်တာတွေကြောင့်
သူတို့ မျှော်လင့်ချက် လက်ကျန်လေး
မရှိတော့မှာ စိုးလို့ )
ခုချိန် ထိ ကျွန်တော် ပြောနိုင်တာ ဒီလောက်ပဲ ။
♦️
ကျွန်တော် ပြောနိုင်တာ တစ်ခုက
၁။ ကို ချစ်ချမ်းဟာ JJ ကိစ္စတွေ ပေါ်လာမှ
ကျွန်တော့် ကို စ လာတွေ့ခဲ့တာ မှန်တယ် ။
၂။ သူ က ကူညီနိုင်တယ်ပြောလို့
နစ်နာသူတွေ ကို
ကျွန်တော့် သင်တန်းမှာ နေရာစီစဉ်ပေးပြီး
သူနဲ့ ဆုံခိုင်းခဲ့တယ် ။
၃။ ဒါပေမယ့် ခုချိန်ထိ
ကျွန်တော် အဲ့ နစ်နာသူတွေဆီက
တိုက်ရိုက်သော်လည်းကောင်း
သွယ်ဝိုက်သော်လည်းကောင်း
တစ်ပြား တစ်ချပ်မှ မယူဖူးဘူး ။
စိတ်ရှင်းရှင်းပဲ တတ်နိုင်သလောက် ကူညီပေးထားတာ ။
❗️ဒီတော့ ကို Chit Chan ရေ
ခင်ဗျား ရှုပ်ထားတာတွေ ခင်ဗျား ကိုယ်တိုင် ပြန်ရှင်းပါ ။
ကျွန်တော် ခင်ဗျားပြောတဲ့ ရက်အတိုင်း
ထပ်စောင့်ထားပေးမယ် ။
ခင်ဗျား မရှင်းရင်တော့
ခင်ဗျားဟာ ကျုပ်ကိုပါ ခုတုံးလုပ် ပြီး
အသုံးချသွားတယ်လို့ ယူဆပြီး
Blacklist စ ကြေငြာရတော့မှာပဲ ။
♦️ ဖြည့်စွက် ♦️
အမှုဖွင့် / တရားစွဲတဲ့ လူတွေမှာ
သတိထားစရာ ၃ ခုရှိတယ် ။
👉 တစ်ခုက ပြစ်မှု အနေနဲ့ ဖွင့်လို့ ရအောင် ဆိုပြီး
အမြတ် ငွေ ရဖူးလျက်နဲ့ မရဖူးဘူးဆိုပြီး အမှု ဖွင့်မိတာမျိူး ။
👉 နောက်တစ်ခုက တရားမမှု စွဲလို့
တရားနိုင်ဖို့က အချိန် ကြာမယ် ။
ပြီးရင် သူ့ပိုင်ဆိုင်မှုကို စုံစမ်းပြီး ဇာရီကပ်နိုင်မှ
ကိုယ့်ငွေ ပြန်ရမယ် ဆိုတဲ့ ကိစ္စ ။
( အဲ့ဒီ သူ့ ပိုင်ဆိုင်မှုတွေ ကို
ကိုယ် အပ်ထားတဲ့ ရှေ့နေက လိုက်စုံစမ်းပေးမှာလား ?
ကိုယ်တိုင် စုံစမ်းရမှာလား က ရှိသေးတယ် ။ )
👉 ကိုယ့်ငွေ ပြန်ရလိုဇော နဲ့
စိတ်လိုက်မာန်ပါ လုပ်လိုက်မိတဲ့ ကိစ္စတွေကို
အမှား စောင့်ဖမ်းပြီး
JJ ဘက်က ရှေ့နေကောင်းကောင်းငှားပြီး
တရား စွဲ / အမှု ဖွင့်တာမျိုး
( ရှယ်ယာ ခေါ်နေတဲ့ နောက်တစ်ယောက် ဖြစ်တဲ့
မေအိမ့် လုပ်သလိုမျိုး )
အတော် ရှုပ်တဲ့ သပွတ်အူပါဗျာ ။
ငွေရင်းထည့်မိသူတွေတော့ မသိဘူး ။
ကျွန်တော်တို့ တောင် ကြားထဲနေ စိတ် အတော်ရှုပ်တယ် ။
ပညာလည်းရ သင်ခန်းစာလည်း ရပါရဲ့ ။
#ကိုဇင်ဇေ
••••••
❗️ဖြည့်စွက် - မဝင်းဝင်းခိုင် ❗️
ဟုတ်ပါတယ်။
ခုလိုဖြစ်တော့လည်း ကိုယ်တွေပဲ စိတ်မကောင်းဖြစ်ရတယ်။
ဒါကြောင့် share ရှင်တွေအနေနဲ့
ကိုယ်ကြိုက်ရာ ရှေ့နေငှါးကြပါ။ ကိုယ်တိုင်ပဲ ရွေးချယ်ကြပါ။ ဘယ်သူ့ကိုမှ မထောက်ခံရဲပါဘူး၊
အဆင်ပြေရင် ဝမ်းသာရပေမယ့်
အဆင်မပြေရင် ကူညီပေးတဲ့သူတွေအပေါ်
အထင်မြင်လွဲမခံနိုင်လို့ပါ။
သတိထားရမှာရှိသေးတယ်
❗️❗️❗️Share ငွေတွေ ပြန်ပေးပါမယ်
လာယူကြပါဆိုရင်တောင်
သူ့တို့နေအိမ် ရုံးခန်းတွေမှာ မယူဘဲ
ရပ်ကွက်ရုံးမှာ အပေးအယူလုပ်ကြပါ။ ❗️❗️❗️
တကယ်တော့ share ငွေတွေ ပြန်ပေးချင်ရင်
ဒီလောက်မခက်ခဲပါဘူး၊
ဘဏ် acc ထဲလွှဲပေးလိုက်လည်း ဖြစ်တာပါပဲ 🙂
Share ငွေယူထားတဲ့သူတွေကလည်း ညှိချင်သပဆို
share ရှင်အကုန်လုံးကို ခေါ်ယူပြီး ရိုးသားစွာညှိကြပါ ...
Original Post Link ( January 31, 2018 )
>>>
https://www.facebook.com/groups/judejudecase/permalink/147583022596050/
=====================================
အခုလို အချိန်ထိတောင် ( မတိုင်မတော ၊ အမှု မဖွင့်ပဲ )
Jude Jude နဲ့ ညှိချင်ပါတယ် ဆိုတဲ့လူတွေရှိရင်
အဲ့ထဲက တစ်ယောက်ယောက်ကို ဒီအချိန်မှာ ဦးဆောင်ခိုင်းလိုက်ပါ ။
ကျွန်တော့် အမြင်ကတော့ ညှိတဲ့ ပုံစံနဲ့ လုပ်လည်း
ပိုက်ဆံတွေ ပြန်ရမှာ နည်းပါလိမ့်မယ် ။
ရမယ် ထင်ရင် ထင်တဲ့ တစ်ယောက်ယောက်ကို ဦးဆောင်ခိုင်းလိုက်ပါ ။
ရှယ်ယာရှင်တွေ အကုန်လုံးကို အဲ့ဒီ လူ ဆီပဲ ညွှန်ပေးလိုက်တော့မယ် ။
( စိတ်တိုလို့ ပြောတာမဟုတ်ဘူး ။ စိတ်ရင်းနဲ့ ပြောတာ ။
ကျွန်တော်တို့က ဘာမှ မဆိုင်ပဲ အမုန်းခံပြီး ဒဲ့ပြောလာရတာ ။
ပိုက်ဆံသိပ်ပေါနေလို့ ထည့်ထားတဲ့ သိန်းရာချီသမားတွေကို
ကျွန်တော် စိတ်မပူဘူး ။
သူတို့က အလွန်ဆုံးမှ ဆင်ပိန် ကျွဲလောက်ရှိမှာပဲ ။
သူတို့ ထည့်လို့ အင်အားပိုကောင်းလာတာကို ယုံမိပြီး
မရှိမဲ့ ရှိမဲ့နဲ့ ထည့်ထားရတဲ့လူတွေ ၊ သက်ကြီးရွယ်အိုတွေကို သနားတာ ။
ဆေးဖိုးဝါးခရအောင် ၊ ကလေးမီးဖွားစရိတ်ရအောင်
ထည့်လိုက်တယ်ဆိုတဲ့လူတွေကို သနားတာ ။
အဲ့လိုလူတွေ အပေါ်လုပ်ရက်တာကို ရွံတာ ။ )
အဲ့ဒီထဲက လူတစ်ချို့ဟာ
ဒီလုပ်ငန်းတွေကဒီလောက်မမြတ်နိုင်မှန်း သိလျက်နဲ့ ၊
စာရင်းတွေ တောင်သေချာ မရှင်းလင်းတတ်ပဲ
ကြုံသလို အလုပ်လုပ်နေတာက သိလျက်နဲ့
( ရှင်းရှင်းပြောရရင် လိမ်နေတာကို သိလျက်နဲ့ )
နောက်လူတွေ ငွေထပ်ထည့်မှ သူတို့ငွေတွေ ပြန်ရမှာကို သိလို့
နောက်လူတွေ ဝင်ဖြစ်အောင် ၊ ငွေထပ်ထည့်ဖြစ်အောင်
နည်းအမျိုးမျိုးနဲ့ လော်ဘီလုပ်ပေးခဲ့ကြသေးတယ် ။
ကျွန်တော် အဲ့လိုလူတွေကို ရွံတာ ။
ခုချိန်ထိ ဘယ်က ရတဲ့ ပိုက်ဆံနဲ့ ပြန်ပေးပေး ...
ငါတို့ ပိုက်ဆံပြန်ရရင်ပြီးရော ဆိုပြီး
Jude Jude ကို သက်ဆိုးရှည်အောင် လုပ်ပေးချင်နေသေးတဲ့
လူပေါင်း ရာကျော်ရှိနေတာကို မြင်ရတာ စိတ် အရမ်းပျက်မိတယ် ။ :(
ဒီလိုလူတွေ ဒီပွဲမှာ အားကောင်းလွန်းလာလို့
သူတို့ လိုချင်တဲ့ လမ်းကြောင်းအတိုင်း ၊
Jude Jude လိုချင်တဲ့ လမ်းကြောင်းအတိုင်း ပဲ ပြန်ဖြစ်သွားရင်
ဒီ ကိစ္စမျိုး ဒီလောက် အမုန်းခံ ဝင်ပါတာ ဒါနောက်ဆုံးပဲ ဖြစ်ပါလိမ့်မယ် ။
နောင်တော့ ဝတ်ကျေတန်းကျေလေးလောက်ပဲ သတိပေးတော့မယ် ။ :(
ခုချိန်မှာ သက်ဆိုင်ရာက
Jude Jude ရော သူနဲ့ ဆက်စပ်သူတွေရော ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ပြီး
စာရင်းတွေ ပြန်စစ် ၊
သူ ဘယ်နေရာမှာ ဘယ်လို ငွေဖြန့်ထားလဲ ဆိုတာကို
သေချာရှင်းရှင်းလင်းလင်းသိအောင် ဝင်လုပ်ပြီး
အဲ့ငွေတွေကို ရသလောက် ပြန်ခွဲဝေပေးနိုင်ဖို့ပဲ အရေးကြီးတယ် ။
သက်ဆိုင်ရာက လုပ်သင့်တာ ဒါပဲ ။
ခင်ဗျားတို့ ငွေရှင်တွေဘက်က လုပ်သင့်တာက
သက်ဆိုင်ရာက အဲ့လို လုပ်လာအောင်
စုစုစည်းစည်း ထိထိရောက်ရောက် တိုင်ဖို့ ၊ တွန်းဖို့ပဲ ။
ခင်ဗျားတို့ဘက်မှ မီဒီယာအားလည်း ရှိလာအောင်
ကျွန်တော်တို့ တတ်နိုင်သလောက်ကူပေးထားတယ် ။
< ခင်ဗျားတို့ ရော မီဒီယာတွေရော ကျွန်တော်တို့ ရော
အတတ်နိုင်ဆုံး အစွမ်းကုန်တွန်းပြီးလို့မှ
သက်ဆိုင်ရာက မလုပ်ပေးရင်တော့လည်း မတတ်နိုင်ဘူး ။
မတရားလွန်းတဲ့ တရားရေးစနစ်ကြီး ဆိုပြီး
ငိုချ လိုက်ဖို့ပဲ ရှိတော့တယ် ။
နစ်နာနေတဲ့ ခင်ဗျားတို့ကိုယ်တိုင် တွန်းဖို့က အရေးအကြီးဆုံးပဲ ။ >
Jude Jude ဟာ တကယ် အလုပ်လုပ်နေပြီး
တကယ် အမြတ်ရနေတာ ....
အဲ့ဒီ အလုပ်က ရတဲ့ အမြတ်တွေ ငွေရှင်တွေကို တစ်လ ၂၀% ကနေ ၃၀% တောက်လျှောက်ပေးနိုင်နေခဲ့တယ်ဆိုတာ သက်သေပြနိုင်ရင် ....
ကျွန်တော့်ကို ခေါင်းသာ လာဖြတ်သွားလိုက်ပါ ။
လိမ်နေတာ အသိသာကြီးကို
လူလိမ် သက်ဆိုးရှည်အောင် လုပ်ပေးနေသလို မဖြစ်ကြပါစေနဲ့ဗျာ... :(
အခုက သူခိုးကိုမှ ဓားရိုး ကမ်းမိလျက်သား ဖြစ်နေတာ ...
ခုချိန် မဖမ်းရင် အဲ့ သူခိုးက အဲ့ဓား နဲ့ ပတ်ရမ်းနေမှာပဲ ။
ပိုဆိုးတာက အဲ့လို သူခိုးတွေက အများကြီးရှိသေးတယ် ။
ဒီ ကိစ္စကို သေချာ မကိုင်ရင် အလားတူ သူခိုးပေါင်းများစွာက
သူ့နည်းအတိုင်းနောင် ဆက်လုပ်နေကြဦးမှာ ။  :(
စိတ်ပျက်လျက်
#ကိုဇင်ဇေ
Admin @ AntiMLM
MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
#PonziScheme
#JudeJudeCase
#Guideline
Original Post link ( December 2, 2017 )
>>>
https://www.facebook.com/groups/judejudecase/permalink/133753207312365/
Comments
Popular posts from this blog
ဘာလုပ္သင့္လဲ