👉👉👉 အတိုးပုံမှန်ရမယ်ဆိုလို့ လုပ်ငန်း တစ်ခု / လူ တစ်ယောက်စီမှာ ငွေထည့်ထားပြီး တကယ်တမ်းမှာ ပြောထားသလို အတိုး ပုံမှန်မရတာ / အရင်း ပြန်ထုတ်လို့ မရတာတွေ ဖြစ်ခဲ့ရင် လုပ်သင့်တာတွေက ၁။ သတ်မှတ်ရက်အတိုင်း ငွေ မရသူတွေ ( အတိုး / အရင်း ) စုပြီး ချိတ်ဆက်ထားပါ ။ ၂။ အဲ့လူတွေ စုပြီး သူရှိမယ့် နေရာကို တပြိုင်တည်းသွားပါ ။ ပြောချင်ရာ အမျိုးမျိုး လျှောက်ပြောနေတဲ့ စကားတွေ / ထုတ်ချင်သလို ထပ်ထုတ်နေတဲ့ စည်းကမ်းတွေ အတိုင်း မဟုတ်ပဲ သတ်မှတ်ရက် အတိုင်း ငွေ ပြန်ထုတ်ပေးဖို့ စုပေါင်းတောင်းဆိုပါ ။ ( ဖြစ်နိုင်ရင် သတင်းထောက်/ရှေ့နေ/ရဲ စတာတွေကို သာမန်လူအနေနဲ့ လျှို့ဝှက်ခေါ်သွားပါ ) ၃။ ပြောကြဆိုကြတာတွေကို တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပါ ။ သက်သေယူပါ ။ ၄။ သက်ဆိုင်ရာ မြို့နယ်ရဲ့ လွှတ်တော် အမတ်ကို အဲ့လူတွေ စုသွားပြီး သက်သေတွေပြ အကူအညီ တောင်းပါ ။ တိုင်ပင်ပါ ။ ၅။ မီဒီယာ တွေ ဖိတ်ခေါ်ပြီး ရှင်းလင်းပွဲလုပ်ပါ ။ ( မဖိတ်တတ်ရင် ကျွန်တော်တို့ ကူဖိတ်ပေးပါ့မယ် ။ ကုန်ကျစရိတ် မလိုပါ ) ၆။ မီဒီယာတွေမှာ သတင်း ပါပြီးရင် အွန်လိုင်းပေါ်မှာ ပါ အကြီးအကျယ် ဖွပါ။ Groups တွေမှာ ခိုင်ခိုင်မာမာ ရေးသားပြီး